ဇီးကုန်း အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နို့စားကျွဲမွေးမြူဖွံ့ဖြိုးတိုးတက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က သရက်တပင်အုပ်စု ဝက်ကော်ကျေးရွာ၌ မွေးမြူရေးလုပ်ကိုင်နေသူများအား အသိပညာပေးဟောပြောခဲ့သည်။
ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးနှင့် ဝန်ထမ်းများက ဝက်ကော်ကျေးရွာရှိ မွေးမြူရေးလုပ်ကိုင်နေသူများအား မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နို့စားကျွဲမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ စနစ်တကျမွေးမြူနိုင်ရေးအတွက် နည်းစနစ်ကောင်းများကို အသိပေးမျှဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဝက်ကော်ကျေးရွာမှ မွေးမြူရေးလုပ်ကိုင်နေသူ (၄၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် နို့စားကျွဲမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦး ထံမှသိရသည်။
တင့်ဆွေ (ပြန်ဆက်)