သတင်းများ

ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း
Jul 21,2023
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် ရုံး၊ ဌာနများသို့
ကျိုင်းတောင်းမြို့ အ.မ.က(တာကွန်)ကျောင်းသို့ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲဆောင်ရွက်
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာမူလတန်း (တာကွန်) ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတ အသိပညာများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် မိုးနေကြာသီးနှံ (၂၃၅) ဧက စိုက်ပျိုး
Jul 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံ ရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးနေကြာ သီးနှံများ (၂၃၅) ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းအရ သိရှိရသည်။
မြင်းခြံခရိုင်၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 21,2023
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း "စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်က မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးများတစ်ရက်လျှင် ၂၀၀၀ ဦးခန့်ဝင်ရောက်
Jul 21,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ရက်လျှင် ဘုရားဖူးလာရောက်သူ ၂၀၀၀ ဦးခန့်လာရောက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများထံကသိရသည်။
သုံးခွမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းသား  လူငယ်လူရွယ်များ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံ‌သော ကျောင်းသား/ သူ လူငယ်များ ပေါ်ထွန်းလာစေရန်၊ အသိပညာ အတတ်ပညာ   ပြည့်စုံကြွယ်၀လာစေရန်၊ မှတ်ဉာဏ်စွမ်းရည်မြင့်မားလာ‌စေရန်ရည်ရွယ်၍  ဌာနဆိုင်ရာများပူးပေါင်းကာ  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (မြို့မ )ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပ
Jul 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄-ပညာ သင်နှစ်အတွက် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကိုယနေ့နံနက်(၁၀)နာရီက ဒီမိုကရေစီနည်းလမ်းကျရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်ခရိုင်တွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆန်စပါးနှင့်အခြားသီးနှံများ (၁)ဧကထက် ပိုမိုဖြစ်ထွန်းအောင်မြင် စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။