ကျိုက်လတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ကျုံကလွတ်)၌ လူငယ်စကားဝိုင်းကျင်းပ

ကျိုက်လတ် အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ကျုံကလွတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထက(ခွဲ) (ကျုံကလွတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုချိုထက်က  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိုက်လတ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူ တို့နှင့်အတူ Grade-11 မှ မောင်လင်းလင်းဦးက လူငယ်နှင့် စည်းကမ်း၊ Grade-11 မှ မအိမ့်ခြူးခိုင်က လူငယ်နှင့် အမှိုက်၊ Grade-10 မှ မောင်အောင်သူရိန်ဝင်းက လူငယ်နှင့် ကိုယ်ကျင့်တရားနှင့် Grade-9 မှ မဖူးပြည့်စုံက လူငယ်နှင့် ကျန်းမာရေး ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ် စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)