သတင်းများ

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ မူလတန်းကလေးငယ်များ ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 09,2023
ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် မုန့်စားပြိုင်ပွဲနှင့် အပ်ချည်ထိုး ပြိုင်ပွဲများကို  ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့အခြေခံပညာမူလတန်း ၁၁ လမ်းကျောင်းတွင် ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
လဲချားမြို့နယ် အ​ခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 09,2023
အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း အမှတ်(၃)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
မက်မန်းမြို့၌ တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Oct 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် စီးပွားရေး၊ မွေးမြူရေး၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ဥယျာဉ်ခြံမြေများကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသားစုစားဝတ်နေရေးကို  အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိသည်
မုံးကိုးမြို့ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများရရှိစေရန် ဆောင်ရွက်ပေး
Oct 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ အထက်တန်းကျောင်းရှိ ကျောင်းသား/သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများရရှိစေရန် အောက်တိုဘာ(၅)ရက်နေ့ နေလယ် (၁:၀၀)နာရီအချိန်တွင် စတင်၍ စာရင်းကောက်ယူ‌ဆောင်ရွက်ခဲ့ပါသည်။
မုံးကိုးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပြီးစီး
Oct 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား အောက်တိုဘာ(၁)ရက်နေ့မှစ၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို ကွင်းဆင်းလိုက်လံ ထိုးနှံပေးခဲ့ပါသည်။
လားရှိုးမြို့တွင် ဆောင်းသီးနှံ ဘိုစားပဲများ စတင်ထွက်ရှိလာပြီး တစ်ပိဿာလျှင် နှစ်ထောင်ကျပ်အထိ စျေးကောင်းရ
Oct 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့နယ် ခေးနင်းကျေးရွာတွင် စိုက်ပျိုးဖြစ်ထွန်းသော ဆောင်းသီးနှံဘိုစားပဲများ စတင်ထွက်ရှိနေပြီဖြစ်ပြီး တစ်ပိဿာလျှင် နှစ်ထောင်ကျပ်အထိ စျေးကောင်းရရှိခြင်းကြောင့် စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်
Oct 09,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်၁၉မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။