မြစ်သား အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၆၄) စက်မှုလယ်ယာစခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု( အခြေခံ) သင်တန်းအမှတ်စဥ် ( ၁/၂၀၂၃ ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉ )နာရီခွဲ ကအဆိုပါ စက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းက တောင်သူလယ်သမားများနှင့်စက်မှုလယ်ယာဝန်ဆောင်မှုလုက်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင် အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်းလုပ်ငန်းကို ဒေသအလိုက် အသက် မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရာများကို အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြ(၇)ဦးမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို အောက်တိုဘာလ (၉)ရက်နေ့မှ(၂၀)ရက်နေ့အထိ သင်တန်းကာလ(၁၂)ရက် ကြာ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု ဘာသာရပ်( ၆ )မျိုးဖြစ်သော အင်ဂျင်ဘာသာရပ်၊ လက်တွန်းထွန်စက်ဘာသာရပ်၊ထွန်စက်ကြီးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက်ဘာသာရပ်၊ ကောက်စိုက်စက် ဘာသာရပ်နှင့်ထွန်ယက်ကိရိယာများ ဘာသာရပ်များကို သင်တန်းသား(၃၀)ဦး အား သင်တန်း သားတစ်ဦးချင်းစီ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)