သတင်းများ

စမ်းချောင်းမြို့နယ်တွင် မြို့နယ်မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁၀:၀၀)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ရေးသူ/ ဖတ်သူ စာဖတ်ဝိုင်းကျင်းပ
Oct 09,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  ယမန်နေ့၊ နေ့လယ် ၁ နာရီ က အရိပ်ပမာမခွဲခွာ စာအုပ်ဖြင့် ရေးသူ/ဖတ်သူ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့ အမှတ် (၁၇)ရပ်ကွက်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများအခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့အမှတ်(၁၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။
မိုးညိုမြို့၌ Biometric အချက်အလက်ကောက်ယူခြင်းရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေး
Oct 09,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးအချက်အလက်မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝအချက်အလက်(Biometric)ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရွှေပြည်သာရပ်ကွက်သို့ ကွင်းဆင်း‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့၌ အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုရန်ပုံ‌ငွေဖြင့် လုပ်အားခ‌ပေးဖွံ့ဖြိုးရေး(Cash for Work) စီမံကိန်းကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ
Oct 09,2023
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုရန်ပုံ‌ငွေဖြင့်ရခိုင်ပြည်နယ် အတွင်းဆောင်ရွက်မည့် လုပ်အားခ‌ပေးဖွံ့ဖြိုးရေး (Cash for Work)စီမံကိန်းကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၁၈၀၀၀ ဦးဆောင်ရွက်ပြီးစီး
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၉ ရက်ထိ  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူ စိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၁၈၀၀၀)ဦးထိ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ပြီးကြောင်းသိရသည်။
မြဝတီမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရပြည့်ဝစေရေး နွားနို့တိုက်ကျွေး
Oct 09,2023
ကရင်ပြည်နယ်၊  မြဝတီမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ကျောင်းနေအရွယ်ကလေးသူငယ်များ အာဟာရဖွံ့ဖြိုုးပြီး  ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်  ရည်ရွယ်၍  နွားနို့တိုက်ကျွေးရေး  အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စောစိုးနေမြကျေးရွာ မူလတန်းလွန်ကျောင်းတွင် တိုက်ကျွေးပေးခဲ့သည်။
ကယားပြည်နယ် ဝန်ကြီးချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Oct 09,2023
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏  ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမသို့ သွားရောက်ကြည့်ရှုခဲ့သည်။