မန်းကြာ(မြောက်) မူလတန်းကြိုကျောင်း၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ကျုံပျော် အောက်တိုဘာ ၉

ကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန်းကြာ(မြောက်) မူလတန်းကြိုကျောင်း၏ နှစ်ပတ်လည်အစည်းအဝေး၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ‌ထောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်က လုပ်ငန်းဆောင်ရွက်မှု ကိစ္စများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ထို့နောက်  မူကြိုကလေးငယ်‌လေးများက ဉာဏစွမ်းရည်ပြိုင်ပွဲအား အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ တာဝန်ရှိသူများက ပါ၀င်ယှဥ်ပြိုင်ကစားခဲ့ကြသည့် မူကြိုကလေးငယ်များအား ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း၊ အဆိုပါ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊  ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မန်းကြာ(မြောက်)မူကြို ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ မူကြိုကလေးငယ်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)