သတင်းများ

ပင်လောင်းမြို့နယ်၌ ‌ဂေါ်ဖီထုပ်စိုက်ပျိုးသည့် တောင်သူများ အရှုံးပေါ်
Oct 09,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များ အရှုံးဖြင့်သာ ရောင်းချနေရကြောင်း ဂေါ်ဖီထုပ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားအုန်းဆီ (၁) ပိဿာလျှင် (၅၀၀ဝိ/-) ကျပ်နှုန်းဖြင့် လက်လီ ရောင်းချပေး
Oct 09,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယနေ့ ညနေ (၃) နာရီအချိန်က သဲတန်းရပ်ကွက်ရှိ ပြည်သူများသို့ စားအုန်းဆီများ လက်လီ ရောင်းချ ပေးလျက်ရှိသည်။
ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ကူမဲ၊ ပလိပ်မြို့များတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက် အခဲမရှိစေရေး ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ကူမဲ၊ ပလိပ်မြို့များရှိ စားသုံးဆီအရောင်းဆိုင်များတွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျ
Oct 09,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ
Oct 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကလေးငယ်များ ကူးစက်ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းစေရန်အတွက် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
၂၀၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး)ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Oct 09,2023
၂ဝ၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊အားကစားသမားများနှင့် ဝါသနာရှင်များတက်ရောက်ပြီး ပြင်ဦးလွင်ခရိုင်အသင်းနှင့် မဟာအောင်မြေခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု များကို ကြည့်ရှုအားပေးကြသည်။
မိုင်းယောင်းမြို့နယ်တွင် ‌မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်း သိကောင်းစရာ ရက်သတ္တပတ်အခမ်းအနား ကျင်းပ
Oct 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ‌မွေးမြူရေးနှင့်အယ်လ်နီညိုအကြောင်း သိကောင်းစရာ ရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယမ်းခမ်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။