နတ်မောက် အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေး ဈေးအတွင်း ရောင်းချသည့် ဈေးသည်များသည် ယခုမိုးရာသီကာလတွင် ဝါးပင်မှ မျှစ်နုများထွက်သည့် ကာလဖြစ်သောကြောင့် မျှစ်ပေါ်ချိန်ဖြစ်၍ မျှစ်များကို ဝယ်ယူပြီး မျှစ်သိပ်လှောင်သူ များပြားလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့က မြို့မစည်ပင်သာယာရေးဈေးအတွင်း ဈေးရောင်းသူများအနေဖြင့် မိုးတွင်းကာလ မျှစ်များလှိုင်လှိုင် ပေါနေချိန်မှာ ကျွန်မတို့က မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာ၊ ဘော့ကျေးရွာနှင့် ဇီးလုံးကျေးရွာများမှ မျှစ်အဝယ်ဒိုင်ဆီကတစ်ဆင့် မျှစ်သိပ်လှောင်ရန် မှာယူရပါတယ်၊ မျှစ်တစ်ပိဿာကို (၁၀၀၀)ကျပ်ဈေးနှုန်း ပေးဝယ်ပြီး အိမ်အရောက် ကားနဲ့ပို့ပေးပါတယ်၊ မျှစ်သိပ်မယ်ဆိုရင် မျှစ် (၃၅)ပိဿာကို ဆား(၂)ပိဿာခွဲ ကုန်ပါတယ်၊ ပိုတဲ့မျှစ်ထဲ ထည့်ပြီး မျှစ်တွေကို သိပ်၍ လှောင်ရပါတယ်၊ မျှစ်အချိန်(၉၅)ပိဿာ လှောင်ထားပါတယ်၊ စုစုပေါင်း ကုန်ကျငွေကတော့ (၉)သိန်းခွဲ အရင်းရှိပါတယ်၊ သိပ်ပြီး လှောင်ထားတဲ့ မျှစ်တွေကိုတော့ တန်ဆောင်မုန်းလမှာ စဖွင့်ပြီး ရောင်းပါတယ်၊ ကိုယ်တိုင်လည်းရောင်းချပြီး ဈေးအတွင်းကိုလည်း လက်ကားအနေနဲ့ ရောင်းချပါတယ်ဟု” မျှစ်သိမ်သိုလှောင်သူ ဒေါ်စန်းနွဲ့ထံမှ သိရသည်။
လှဝင်း