သတင်းများ

သန်လျင်ခရိုင်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ကုသရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Jul 26,2025
သန်လျင်ခရိုင်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ အချိန်မီထိရောက်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သန်လျင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီး(သန်လျင်)တို့ ပူးပေါင်းကျင်းပသော "သွေးလွန်တုပ်ကွေးရောဂါကာကွယ်ကုသရေးဆိုင်ရာ" ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်သူ့ဆေးရုံကြီးသန်လျင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်တန်းမြို့ ချမ်းမြေ့သာယာအခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော
Jul 26,2025
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ချမ်းမြေ့သာယာ၊ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ပြသခဲ့သည်။
ကော့သောင်းမြို့တွင် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 26,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဟန်လင်းအောင်၊‌ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
မုဒုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Jul 26,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁)ရှိ ရှင်အရဟံခန်းမ၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်၊ တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လဟယ်မြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လဟယ်မြို့တွင် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ကျိုက်ထိုမြို့နယ်တွင် ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID (Unique Identity) ဆောင်ရွက်ပေး
Jul 25,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ရုံးမှ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID (Unique Identity) ဆောင်ရွက်ပေးခြင်းကို ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက အဆိုပါဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သထုံမြို့၌ အခွန်အမှတ်တံဆိပ်ပြေစာများဆိုင်ရာ အသိပညာပေးဗီနိုင်းများ လိုက်လံစစ်ဆေး
Jul 25,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရေးနှင့် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” အသိပညာပေးကြေငြာချက်ဗီနိုင်းကို ချိတ်ဆွဲထားခြင်းရှိ/မရှိကို ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြသခြင်း ​ဆောင်ရွက်
Jul 25,2025
မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှာကြားချက်ဖြင့် သံဖြူဇရပ်မြို့နယ်​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အ-ထ-က(ကျုံကဒတ်)​ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။