သတင်းများ

ဆေးတက္ကသိုလ်-မန္တလေး၏ (၅၃) ကြိမ်၊ (၅၄) ကြိမ်နှင့် (၅၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jul 26,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊‌ ဆေးတက္ကသိုလ် မန္တလေး၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း ၃၈ လမ်းရှိ ရတနာပုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 26,2025
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညောင်လေးပင်မြို့၌ လေပြင်းဘေးကြောင့်ပျက်စီး ဆုံးရှုံးသားသောနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 26,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၃)ရပ်ကွက် အနောက်စုရပ်တွင် လေပြင်းဘေးကြောင့်ပျက်စီးဆုံးရှုံးသွားသောနေအိမ် (၃)လုံးအတွက်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁၄) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ မှဘီးလင်းမြို့နယ်ရှိ ရေဘေးသင့် အိမ်ထောင်စုများထံ ဆန်နှင့်စားသောက်ကုန်များ ပေးအပ်
Jul 26,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေ စီးဆင်းမှုကြောင့် ဇူလိုင်လ ၂၄ ရက်မှ စတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာ ၅ ရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာတွင် လေဆင်နှာ‌မောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီးပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား
Jul 26,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က  ရုတ်တရက်လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအလယ်တန်းကျောင်းခွရှိစာသင်ဆောင် (၄)ဆောင်နှင့် ကျေးရွာအတွင်းရှိလူနေအိမ်(၇၇)လုံး အမိုးများလန်ခြင်း ပြိုကျပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး အမျိုး သားတစ်ဦးနေအိမ်ပြိုကျပိမိသေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကျင်းပ
Jul 26,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ နောင်ကုလားအလယ်ရွာမှ လေပြင်းဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်နိုင်တိုးစပါးအား Drum Seeder ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 26,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ၊ ကွင်းအမှတ် ၅၇၀-ခ တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် အောင်နိုင်တိုးမျိုးစပါးကို Drum Seeder ဖြင့် မျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်သူဦးအောင်မျိုးထွန်း၏ လယ်ဧက ၁.၂၀ ဧကတွင် ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင်ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြသပွဲပြုလုပ်
Jul 26,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြသပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။