သတင်းများ

ချမ်းအေးသာစံမြို့နယ်တွင် ​မြို့နယ်စာရေးဆရာအသင်း၊ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ
Jul 26,2025
ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း၊ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center)အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့၌  Professional  Sale Training For Real Estate (အရောင်းမြှင့်တင်ရေး)သင်တန်းဖွင့်
Jul 26,2025
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ ကြီးမှူးကျင်းပသော Professional Sale Training For Real Estate (အရောင်းမြှင့်တင်ရေး)သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပခဲ့သည်။
ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ UCSTT Project Show 2025 ပြပွဲအခမ်းအနား ကျင်းပ
Jul 26,2025
ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့်သင်ခန်းစာများကို လက်တွေ့အသုံးချအကောင်အထည်ဖော်ဆောင်ရွက်ထားသည့် UCSTT Project Show 2025 ပြပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် (Community Centre) အစည်းအဝေးခန်းမတွင် မြို့နယ်စာရေးဆရာအသင်းနှင့်အတူ စာဖတ်ဝိုင်းကျင်းပ
Jul 26,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာ​ရေးဆရာအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အ​ခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲ ကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ် တထောင်ဘုရားလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင် ကျောင်းပြင်ပမူလတန်းပညာရေးသင်ကြားနေမှုအား ကြည့်ရှုအားပေး
Jul 26,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဇောတိကာရုံစာသင်တိုက်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ယူနေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ ဘက်စုံထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမများ၊ အ.မ.က(၁၂)ဗဟန်းမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်
Jul 26,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည်  ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က ကမ်းရိုးတန်းဒေသများမှာ ဒီရေတောများဟာ ရေရှည်တည်တံ့ဖွံ့ဖြိုးခြင်း၊ သက်ရှိတို့အတွက် ရိက္ခာများထုတ်လုပ်ပေးခြင်းနှင့် ရာသီဥထုပြောင်းလဲမှု လျှော့ချပေးခြင်းတို့ကို ကမ္ဘာသူ၊ကမ္ဘာသားများက သတိပြုစေရန် ကမ္ဘာ့ဒီရေတောများပျက်စီးမှုနှင့်အတူ ဆက်စပ်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲများ၊ ငါး၊ ပုဇွန်၊ ဂဏန်းများနှင့် ၎င်းတို့၏ နေရင်း‌ဒေသများ ပြုန်းတီးလာမှုများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ပါကြောင်း ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၁၂၃)နိုင်ငံတွင်လည်းကောင်း၊ အာရှတိုက်၏နိုင်ငံပေါင်း (၂၅)နိုင်ငံတွင်လည်းကောင်း၊ အရှေ့တောင် အာရှ (၁၀) နိုင်ငံအနက် လာအိုနိုင်ငံမှအပ ကျန် (၉)နိုင်ငံမှာ ဒီရေတောများ ပေါက်ရောက်ရှင်သန်လျက်ရှိ ပြီး ဧရိယာဧက (၁၂.၆၁)သန်းရှိသည့်အတွက် ကမ္ဘာ့ဒီရေတော၏ (၃၃.၅) ရာခိုင်နှုန်းကို အရှေ့တောင် အာရှနိုင်ငံများ တွင်တွေ့ရှိရပါကြောင်း  အမှာစကားပြောကြားခဲ့သည်။