သတင်းများ

သန်လျင်မြို့ အ.ထ.က (၂) ကျောင်း၌ သွားနှင့် ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်နည်းဟောပြော၍ After lunch Tooth Brushing Activity ဆောင်ရွက်
Jul 25,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကွန်စတန် (သွားကျန်းမာ) ဦးဆောင်၍ သာကေတသွားနှင့် ခံတွင်းဆေးရုံနှင့် အနောက်ပိုင်းဆေးရုံမှ သွားဆရာဝန်များ၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိူးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းများ ပူးပေါင်း၍ သွားနှင့် ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်နည်းအကြောင်းဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းကို ဇူလိုင် ၂၂ ရက်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Jul 25,2025
ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိပြည်သူများ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းစဉ်များ နားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
အင်းစိန်မြို့နယ်တွင် ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) ကို ဇူလိုင် ၂၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့ နေ့လယ် (၁၂) နာရီက ပြုလုပ်ကျင်းပခဲ့သည်။
ရွှေဘိုမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများအားUIDနံပါတ် Smart Card များပြုလုပ်ဆောင်ရွက်ပေး 
Jul 25,2025
စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများအ​​နေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်မှန်၊ မမှန်စိစစ်ကာ တိကျမှန်ကန် မြန်ဆန်​စေ​ရေးအတွက် Centralized e-Persion စနစ် ​ဆောင်ရွက်လျက်ရှိရာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊​ ရွှေဘိုမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်များသည် Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့်UID နံပါတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ 
ဒေးဒရဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး အပတ်စဥ် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင်း၌ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများဆယ်ယူရှင်းလင်း
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှုမရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီ အချိန်၌ ဘိုကလေး-ဖျာပုံကားလမ်းဖြစ်သည့် အမှတ်(၁၈)လမ်းမကြီးနှင့် ၎င်း ပတ်ဝန်းကျင် အမှတ်(၇)ရပ်ကွက် (၁၉) လမ်း၊ (၂၀)လမ်း၊ (၂၁)လမ်း တို့တွင် ရေမြောင်းတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။