ကျိုက်ထိုမြို့နယ်တွင် ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID (Unique Identity) ဆောင်ရွက်ပေး

ကျိုက်ထို ဇူလိုင် ၂၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ရုံးမှ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID (Unique Identity) ဆောင်ရွက်ပေးခြင်းကို ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက အဆိုပါဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုခရိုင်ရုံးမှ ယာယီခရိုင်ဦးစီးမှုးဦးထွန်းထွန်းအောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးနှင့် ဝန်ထမ်းများမှ ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ UID (Unique Identity) များကို ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)