လဟယ် ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လဟယ်မြို့တွင် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ဦးစွာ လဟယ်မြို့နယ်၊ မြို့နယ်ရဲမှူးရန်အေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ဉပဒေအရာရှိ ဦးမြတ်ကိုကိုဇင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဉပဒေ ၂၀၁၉ ဖြင့်လည်းကောင်း အသီးသီးဟောပြောပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သင်တန်းကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြဆရာမများ(၇)ဦး၊ သင်တန်းသူ(၂၅)ဦး စုစုပေါင်း(၃၂)ဦးတက်ရောက်ကြောင်းသိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)