ကော့သောင်း ဇူလိုင် ၂၅
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဟန်လင်းအောင်၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော်အား ပုလုံးတုံတုံးတံတားအနီးတွင် စတင်ကျင်းပရာ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဌာနအဖွဲ့အစည်းအသီးသီးအား စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ဒီရေတောသစ်မျိုးဖြစ်သည့် ဗြူးခြေထောက်ပင်(၁၀၀၀)ပင်အား အတူတကွ တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ အဆိုပါ ဒီရေတောသစ်ပင်စိုက်ပျိုးနေမှုအားစစ်ဗျူဟာအဖွဲ့ အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအား ပေးခဲ့ကြသည်။
ယင်းနောက် ၂၀၂၅ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီ ရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာမြှင့်တင်ပေး” အသိပညာပေးဟောပြောပွဲအခမ်းအနားကို ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)