သထုံမြို့၌ အခွန်အမှတ်တံဆိပ်ပြေစာများဆိုင်ရာ အသိပညာပေးဗီနိုင်းများ လိုက်လံစစ်ဆေး

သထုံ ဇူလိုင် ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရေးနှင့် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” အသိပညာပေးကြေငြာချက်ဗီနိုင်းကို ချိတ်ဆွဲထားခြင်းရှိ/မရှိကို ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆွေဦး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဇော်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး ဒေါ်လှလှရီနှင့် တာဝန်ရှိသူတို့ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)