တောင်ငူမြို့၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jul 26,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ကြီးမှူး၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိစေရန်နှင့် အခွန်ထမ်းပြည်သူများအနေဖြင့် တည်ဆဲဥပဒေများအား နားလည်သဘောပေါက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကိုသိရှိကာ မှန်မှန်ကန်ကန် အခွန်ပေးဆောင်နိုင်စေရန် ရည်ရွယ်၍ တောင်ငူမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့သည်။