မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 23,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်ပညာများ ပြည့်စုံပြီး စင်မြှင့်အထက်တွင် ပြောဆိုရဲသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ကျောင်း(မလှိုင်)၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။