မရမ်းကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က လှည်းကူးမြို့နယ်အတွင်းရှိ ရေလွှမ်းမိုးခံရသည့် ကျေးရွာများသို့ အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း

မရမ်းကုန်း အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ရေလွှမ်းမိုးခံရသည့် ကျေးရွာများသို့ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က အခြေခံစားသောက်ကုန်များအား ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါရေဘေးသင့်ဒေသများသို့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုမြို့နယ်တပ်ဖွဲ့မှူးဝင်းကြည် ဦးဆောင်၍ ကျား ၂၁ ဦး၊ မ ၈ ဦးတို့က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ ရေသန့်ဘူးများသွားရောက်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)