ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်စာ​​​ရေးဆရာအသင်း ပြန်ကြားရေးလုပ်ငန်းကော်မတီနှင့် အစည်းအဝေးကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၁၃:၀၀နာရီက မြို့နယ်စာရေးဆရာအသင်း ပြန်ကြားရေးလုပ်ငန်းကော်မတီ အစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာအစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖူးမိုက ရှေ့လုပ်ငန်းစဥ်များ ဌာနဆိုင်ရာ များနှင့်ချိတ်ဆက်၍ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မှု၊ MSME အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ၊ Talk Show၊ စာဖတ်ဝိုင်း၊ အသိပညာပေးဟောပြောပွဲများ၊ လူငယ်ရေးရာဟောပြောပွဲ၊ လူငယ်ရေးရာဟောပြောပွဲ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ အဖွဲ့ဝင်များက မိမိတို့ဌာနနှင့်ပူးပေါင်း၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့သည်။ မိမိတို့မြို့နယ်အနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ပြီး လုပ်ငန်းများတွင် တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရေးကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း ​ပြန်ကြားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို မြို့နယ်ပြန်/ ဆက်မှဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဒေါ်တိုးကြည်၊ ဘဏ္ဍာရေးမှူး ဦးဝင်းကိုကိုလတ် (ဖိုးလောင်းတူး-ဥပဒေ)၊ အမှုဆောင်အဖွဲ့ဝင် ဦးလပြည့်ဇင် (လက်ယာ-မေတ္တာတံခွန်)၊ ဒေါ်သဲစုဇင် (ဆုလဲ့နန္ဒာ)တို့ တက်ရောက်ခဲ့ပြီး ညနေ၃:၀၀နာရီတွင် မြို့နယ်စာရေးဆရာအသင်း ပြန်ကြားရေးလုပ်ငန်းကော်မတီအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)