သတင်းများ

ညောင်ဦးမြို့တွင် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ၂၄၀၀ ဦးထိစာရင်းကောက်ယူပြီးဖြစ်
Jul 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၂၄၀၀)ဦးထိ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိ စစ်ပြီးကြောင်း သိရသည်။
နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် ရွက်ဖြန်းမြေဩဇာ စုပေါင်းပက်ဖြန်းပွဲ ကျင်းပ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများဖြင့် ပူးပေါင်း၍ ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာ ကွင်းအမှတ်(၄၅၉) တောင်သူဦးဝင်းသန်း၏ ပဲစိုက်ခင်းတွင် ရွက်ဖြန်းမြေဩဇာစုပေါင်းပက်ဖြန်းပွဲ ကျင်းပခဲ့သည်။
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လမ်းညွှန်   မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 24,2023
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၂၂ရက်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မောတောင်မြို့၊ မြို့မဈေးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး (ဒုတိယ)အကြိမ် ခြင်ဆေးမှုတ်ပေးခြင်း
Jul 24,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ် မောတောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မောတောင်မြို့၊ မြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများအားလုံး ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုးမှ ကြိုတင်ကာကွယ်ရန် ခြင်လောက်လန်းများ မပေါက်ဖွားစေရေးနှင့် ခြင်မခိုအောင်းစေရန်အတွက် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က (ဒုတိယ)အကြိမ် ခြင်ဆေးမှုတ်ပေး ခြင်းလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ရေနစ်မြုပ်စပါးစိုက်ခင်းများအတွက် သတိပြုရမည့်အချက်များအား အသိပညာပေးဆွေးနွေးခြင်းများပြုလုပ်
Jul 24,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအတွက် အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက မြေ၊ မျိုး၊ ပိုးမွှားအန္တရာယ် စသည့်အကြောင်းအရာများကို မြို့နယ်အတွင်းမှ ဒေသခံတောင်သူများအား ကွင်းဆင်းပညာပေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အာနန္ဒာဘုရားကြီးအတွင်းရှိ ရပ်တော်မူရုပ်ပွားတော်လေးဆူ ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဖြစ်ရာ မည်သူမဆိုကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်
Jul 24,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျန်စစ်သားမင်းကြီးကအေ(၁၀၉၁)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည့် ရပ်တော်မူရုပ်ပွားတော် လေးဆူဉာဏ်တော် (၃၁)ပေကျော်ရှိ ရပ်တော်မူရုပ်ပွားတော်များကို ရွှေသင်္ကန်းအသစ်ပြန်လည် ကပ်လှူပူဇော်သွားမည်ဖြစ်ရာ မြန်ပြည်အရပ်ရပ်နှင့် ကမ္ဘာအရပ်ရပ်မှကုသိုလ်ရှင်များမည်သူမဆိုပါဝင်လှူဒါန်းနိုင်ကြောင်း အာနန္ဒာဘုရားကြီး ဂေါပကဥက္ကဋ္ဌ အဖွဲ့ရုံးတာဝန်ရှိသူများထံက သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ မိုးနေကြာနှင့် ဝါသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်မည့် ဒေသခံ တောင်သူများအတွက် သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း မိုးနေကြာနှင့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များကို တောင်သူအချင်းချင်း မျိုးသန့်ပွားသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးတို့အတွက် နေကြာနှင့် ဝါသီးနှံ မျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်မည့် ဒေသခံတောင်သူများအား သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးခြင်းကို ဇူလိုင် ၂၂ ရက်၊ နံနက် ၁၀ နာရီအချိန်က ကန်ရေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။