မိုင်းယောင်း အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့မဈေးအတွင်း ဈေးရောင်းသူ၊ ဈေးဝယ်သူများ အဆင်ပြေစေရန်အတွက် ယမန်နေ့က ကွန်ကရစ်ဖြင့် လျှောက်လမ်းခင်းပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ထိုသို့ မိုးတွင်းကာလ လမ်းသွားလမ်းလာများ အဆင်ပြေစေရန် ကွန်ကရစ်ဖြင့် လျှောက်လမ်းခင်းနေမှုကို မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝီလျံ၊ တာဝန်ခံအင်ဂျင်နီယာ ဦးသက်ပိုင်ထူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း