အောင်လံ အောက်တိုဘာ ၁၇
အောင်လံခရိုင်၊ အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်များတွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး Campaign ကို ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က အောင်လံမြို့ သရက်တောရပ်ကွက် ပျံကျဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Campaignသို့ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစားထိုး ပစ္စည်းများ အသုံးပြုရောင်းချရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပလတ်စတစ်အိတ်အစားထိုး အင်ဖက်များ သုံးစွဲနိုင်ရန် အင်ဖက်များ ဖြန့်ဝေပေးခဲ့ပြီး အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်