သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ် စိုက်ဧက(၃၀၀၀)အတွက် တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း(၆၀၀)နှင့် ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲတက်ရောက်
Jul 24,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၂)ရက်က မြိတ်မြို့ ပုလဲရတနာခန်းမ၌ကျင်းပသည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ် စိုက်ဧက (၃၀၀၀)အတွက် တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း (၆၀၀)နှင့် ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဘော့ချိတ်ပုစွန် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် အမာမြို့  ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်း၍ ဖျာပုံမြို့ အမှတ် (၁၂)ရပ်ကွက် ဒုတိယလမ်းမကြီးဘေးရှိ အခွန်လွတ်စျေးတွင် ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဘော့ချိတ်ပုစွန် (၁)ပိဿာလျှင် ငွေ (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၇)နာရီခွဲ အချိန်က အဆိုပါ​ အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့သည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသွားရောက်စစ်ဆေး
Jul 24,2023
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့်အဖွဲ့၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မင်္ဂလာကြိုးတံတား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား လာရောက်ကြည့်ရှုစစ်ဆေး
Jul 24,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့်အဖွဲ့သည် ယနေ့ နံနက်(၉)နာရီက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်မင်္ဂလာကြိုးတံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်း‌‌‌‌‌‌ကျောင်း (ပုဏ္ဏားကျွန်း)သို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူလေးများအား လိမ္မာယဉ်ကျေး သော လူကောင်းလူတော်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးမှဦးဆောင်ကာ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီထိ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သံတွဲမြို့၌ ဧက(၁၀၀) တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပွဲကျင်းပ
Jul 24,2023
သံတွဲမြို့၌ ဧက(၁၀၀) တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အလယ်ရွာကျေးရွာရှိ တောင်သူဦးတင်ထွန်းနှင့် ဦးခင်မောင်သိန်းတို့၏ လယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့  မွန်းလွဲ ၂နာရီ အချိန်က စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၇၄၅)ကြိမ် ရှိလာ
Jul 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှ တဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၇၄၅)ကြိမ်ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။