နမ့်စန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

နမ့်စန်() အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို စက်တင်ဘာလ၁၇ရက်မှ စတင်၍ ကျင်းပလျှက်ရှိရာ ယမန်နေ့ နေ့လည် ၃နာရီက ပထမအကြိမ် ရှုံးထွက် (ကွာတားဖိုင်နယ်) ပွဲစဉ်များကို မြို့နယ် ကျောက်တိုင် အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အားကစားဝါသနာရှင် ပရိတ်သတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

နေ့လည် ၃နာရီချိန်တွင် ကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် အမှတ်(၂)ရပ်ကွက် ဘောလုံးအသင်းနှင့် အမှတ်(၃)ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်(၂)ရပ်ကွက် ဘောလုံးအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အသက်(၂၃) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ ပွဲစဉ်များကို အောက်တိုဘာ ၂၀ရက်နှင့် ၂၁ရက်နေ့တို့တွင်လည်းကောင်း၊ တတိယလုပွဲကို အောက်တိုဘာ ၂၃ ရက်နေ့တွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ၂၄ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

သူရအောင်(နမ့်စန်)