မင်းလှမြို့တွင် သုတစုံလင်ဗုဒ္ဓဝင် ဓမ္မကျောင်းသင်တန်း ဖွင့်လှစ်ပို့ချ

မင်းလှ မတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ ဇေယျာမဂ္ဂကျောင်းတိုက်တွင် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ပြိုင်ပွဲဝင်ရောက်ဖြေဆိုရန်အတွက် သုတစုံလင်ဗုဒ္ဓဝင် ဓမ္မကျောင်း သင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

သုတစုံလင်ဗုဒ္ဓဝင် ဓမ္မကျောင်းသင်တန်းကို ဇေယျာမဂ္ဂကျောင်း တိုက်ဆရာတော်အရှင် ပညာဇောတ၏  သြဝါဒကိုခံယူ၍ သင်တန်းနည်း ပြဆရာမ(၉)ဦးက သုတစုံလင်ဗုဒ္ဓ ဝင်ဆိုင်ရာ သင်ခန်းစာများကို မတ်လ(၇)ရက်နေ့မှ စတင်၍ ဧပြီလ(၇) ရက်နေ့ထိ တစ်လကြာ နေ့စဉ် နံနက်(၈)မှ ညနေ(၄)နာရီချိန်ထိ သင်ကြားပေးလျက်ရှိရာ မူလတန်းအဆင့်(၇)ဦး ၊အလယ်တန်းအဆင့် (၆)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

အဆိုပါ သုတစုံလင်ဗုဒ္ဓဝင် ဓမ္မကျောင်းသင်တန်းကို အနာဂတ်၏ စိန်ခေါ်မှုများအား အခက်အခဲမရှိ လွယ်ကူစွာ ကျော်လွှားနိုင်ရန်နှင့် ဗုဒ္ဓစာပေများကို ကလေးငယ်များ လေ့လာလိုက်စားနိုင်စေရန် ရည်ရွယ်၍  ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်စ(ပြန်/ဆက်)