ကလောမြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ

ကလော မတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲ ၁ နာရီခွဲက (၇၉)နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်းအမှတ်စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာအုပ်ပြပွဲတွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသထားရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာဖတ်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)