တံတားဦးခရိုင် စာစစ်ဌာန(၂)ခုတွင်  တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့ အင်္ဂလိပ်ဘာသာကို ကျောင်းသား/သူပေါင်း(၅၁၈)ဦး ဖြေဆို

တံတားဦး မတ် ၁၂

တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ဘာသာကို ကျောင်းသား/သူ စုစုပေါင်း(၅၁၈)ဦးမှ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း တံတားဦးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် စာစစ်ဌာန(၂)ခုဖြစ်သည့် တံတားဦး-အ.ထ.က စာစစ်ဌာနနှင့် ငါန်းဇွန်-စာစစ်ဌာနတို့ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တံတားဦး၊ စာစစ်ဌာနတွင် အတွင်းဖြေကျောင်းသား/သူပေါင်း (၃၀၃)ဦးနှင့် အပြင်ဖြေကျောင်းသား/သူပေါင်း(၆၆)ဦး စုစုပေါင်း(၃၆၉)ဦး စာရင်းပေးထားရာ  အတွင်းဖြေကျောင်းသား/သူပေါင်း(၂၉၆)ဦး၊ အပြင်ဖြေကျောင်းသား/သူပေါင်း(၅၂)ဦး စုစုပေါင်း(၃၄၈)ဦး လာရောက်ဖြေဆိုကြပြီး ရာခိုင်နှုန်းအားဖြင့် (၉၄.၃၁)ရာခိုင်နှုန်းရှိပါကြောင်း၊ ငါန်းဇွန်စာစစ်ဌာနအနေဖြင့် အတွင်းဖြေကျောင်းသား/သူပေါင်း(၁၄၆)ဦးနှင့် အပြင်ဖြေကျောင်းသား/သူပေါင်း (၁၇)ဦး စုစုပေါင်း(၁၆၃)ဦး စာရင်းပေးထားရာ အတွင်းဖြေကျောင်းသား/သူ ပေါင်း(၁၄၄)ဦး၊ အပြင်ဖြေကျောင်းသား/သူပေါင်း(၁၆)ဦး စုစုပေါင်း(၁၆၀)ဦး လာရောက်ဖြေဆိုကြပြီး ရာခိုင်နှုန်းအားဖြင့် (၉၈.၁၆)ရာခိုင်နှုန်းရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံမှ သိရသည်။

တံတားဦးခရိုင်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် တံတားဦးစာစစ်ဌာနအနေဖြင့်  ကျောင်းသား/သူပေါင်း(၅၃၂)ဦး စာရင်းပေးထားသော်လည်း (၅၁၈)ဦး လာရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် (၉၅.၄၉)ရာခိုင်နှုန်းပါကြောင်း၊ ကျောင်းသား/သူများ စိတ်အနှောင့်အယှက်မဖြစ်စေရန်အတွက် အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးတို့ကို တံတားဦးခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စာမေးပွဲဖြေဆိုမည့် ကတ်ပြားများပါ၊ မပါစစ်ဆေးခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျောင်းဝင်းအပြင် လုံခြုံရေးတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည် ။

ရဲတင့်(ပြန်/ဆက်)