သံဖြူဇရပ် မတ် ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)သံဖြူဇရပ်နှင့် အ.ထ.က (၂) သံဖြူဇရပ်စာစစ်ဌာန (၂) ခုဖြင့် ယနေ့ နံနက်ပိုင်းမှစ၍ (အင်္ဂလိပ်စာဘာသာရပ်) ကိုကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် အခြေခံပညာအထက်တန်းကျောင်း(၉) ကျောင်း၊ အ.ထ.က-ခွဲ(၄)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းနှင့်ပြင်ပဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းစာရင်းရှိ ကျား(၂၄၁)ဦး၊ မ (၄၀၆) ဦး စုစုပေါင်း (၆၄၇) ဦးရှိပြီး၊ ဖြေဆိုသူ ကျား(၂၂၈)ဦး၊ မ(၃၉၇)ဦး စုစုပေါင်း(၆၂၅)ဦး၊ပျက်ကွက် ကျား(၁၃)ဦး၊ မ(၉)ဦးစုစုပေါင်း (၂၂)ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ( ၉၆.၆၀) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)