ကသာမြို့တွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 20,2023
မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ကသာပညာရေးဒီဂရီကောလိပ် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။အသိ ပညာပေး ဟောပြောပွဲတွင် ကသာပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ကသာခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောရာတွင် မူပိုင်ခွင့်၏အဓိပ္ပယ်၊ မူပိုင်ခွင့်ဥပဒေ (၄)မျိုးအကြောင်း၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် ဥပဒေအကြောင်း၊ တာဝန်ယူ ဆောင်ရွက်သည့် မူပိုင်ခွင့်ဦးစီး ဌာန၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း၊ မူပိုင် ခွင့်မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်အတွက် ဥပဒေအရ အကာအကွယ်ပြု ပေးနိုင်သည့် အကြောင်းအရာများကို ပြည့်စုံစွာ ဟောပြောဆွေးနွေးခဲ့သည်။