လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆို

လှည်းကူး မတ် ၁၂

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က လှည်းကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် လှည်းကူးမြိုနယ်အတွင်းရှိ စာစစ်ဌာန(၇)ဖြစ်သော အ.ထ.က(လှည်းကူး)၊ အ.ထ.က(ဖောင်ကြီး)၊ အ.ထ.က(အင်းတိုင်)၊ အ.ထ.က(ရဲမွန်)၊ အ.ထ.က(ငါးဆူတောင်)၊ အ.ထ.က(ဒါးပိန်)၊ အ.ထ.က(ငွေနံ့သာ)တို့တွင် စာရင်းရှိ ကျောင်းသား(၆၃၀)ဦး၊ ကျောင်းသူ(၇၁၆)ဦး၊ စုစုပေါင်း(၁၃၄၆)ဦးဖြစ်ပြီး၊ ကျောင်းတွင်း/ပြင်ပ ဝင်ရောက်ဖြေဆိုသူကျောင်းသား(၆၀၁)ဦး၊ ကျောင်းသူ(၆၉၀)ဦး၊ စုစုပေါင်း(၁၂၉၁)ဦး၊ ပျက်ကွက်ကျောင်းသား(၂၉)ဦး၊ ကျောင်းသူ(၂၆)ဦး၊ စုစုပေါင်း(၅၅)ဦးရှိပြီး ဖြေဆိုသူ ရာခိုင်နှုန်း (၉၅.၉၁) ရာနှုန်းတို့က အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာစစ်ဌာနများတွင် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)