ဆင်ပေါင်ဝဲ မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာ အောင်ကောင်းမြတ်နှမ်းရိုးဖြင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမလီမီတက်သို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာရှိ သမဝါယမစနစ်ဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်မည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ အောင်ကောင်းမြတ် သဘာဝဓာတ်မြေဩဇာထုတ် လုပ်မှုအား အသင်းသားတောင်သူများ၊ အသင်းသားမဟုတ်သည့် ဒေသအတွင်း တောင်သူများအား သဘာဝမြေဩဇာထုတ်လုပ်မှုနည်းပညာများ ဖြန့်ဝေပေးနိုင်ရေး၊ သမဝါယမအသင်း အဆင့်ဆင့်မှာလည်း ပူးပေါင်းပါဝင်ရေး၊ စိုက်ပျိုးမွေးမြူရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများနှင့် အသင်းသား တောင်သူများက သိရှိလိုသည့်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ဒုတိဝန်ကြီးနှင့် တာဝန်ရှိသူများက ချောင်းကောက်ကျေးရွာရှိ အသင်းသား ဦးသောင်းရွှေ၏နှမ်းရိုးဖြင့် သဘာဝမြေဩဇာပြုလုပ်နေမှုအဆင့်ဆင့်အား ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)