ရွှေပြည်သာမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်စာမေးပွဲ မြန်မာစာဘာသာစတင်ဖြေဆိုလျက်ရှိ
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို ဌာန (၂) ခု၌ ကျင်းပလျက်ရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/ သူစာရင်းရှိ (၄၅၃) ဖြေဆိုသူဦးရေ (၄၁၂) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက် (၄၁) ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၁%) အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ (၃၇၂) ဦး ဖြေဆို (၃၆၂) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက် (၁၀) ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၇%) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။