သတင်းများ

ပုသိမ်ကြီးမြို့နယ် ပံသုကျီခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Aug 18,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ပံသုကျီခန်းမ၌  ၁၆-၈-၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်
Aug 18,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း(Youth  Club)တို့ပူးပေါင်း၍ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်” အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်(၁၆)ရက် မွန်းလွဲ(၂)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
Aug 18,2023
၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ် ၁၆ ရက်၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ
လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Aug 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို  ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၊ Community Centre အခန်း၌ ကျင်းပသည်။
သထုံမြို့၊ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၌ ဝါဆိုသင်္ကန်းနှင့် စာရေးတံမဲ စုပေါင်းလောင်းလှပွဲ ကျင်းပ
Aug 18,2023
မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၏ ကာလဒါနစာရေးတံမဲလောင်းလှူခြင်းနှင့် ဝါဆိုသင်္ကန်းစုပေါင်းဆက်ကပ်လှူဒါန်းခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက်က အဆိုပါကျောင်းတိုက်ရှိ ဘောဇနသုခဓမ္မသာလာကျောင်းဆောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 18,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်မြို့နယ် ထင်းကွင်းကျေးရွာသို့ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Aug 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါကျရောက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက်(၉:၃၀)နာရီက ပါမဲကျေးရွာအုပ်စု၊ ထင်းကွင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မအီမြို့တွင် အသက် ၆ လမှ ၅ နှစ်အရွယ်ကလေးများအား ဗီတာမင်(A)နှင့် သံချဆေးများ ထိုးနှံတိုက်ကျွေးပေး
Aug 18,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အသက်(၂)မှ (၄)နှစ်အထိ ကလေးများနှင့် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သံချဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။