သတင်းများ

ကလေးမြို့၌ DLMS Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Jul 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား Digital Library စနစ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ Digital Library Management System (DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့သည်။
မလှိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Jul 20,2023
မန္တလေးတိုင်း‌ဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်း( မြို့သစ်)  ကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ ကံမမြို့နယ်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Jul 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်(၁၀)နာရီက ကံမမြို့နယ် စီကျေးရွာအုပ်စု၊ ကွင်းအမှတ် (၈၉၂)ကွင်းသို့ရောက်ရှိပြီး နွေစပါးရိတ်သိမ်းခြင်းနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြန်လည်ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးပြီးနောက် စီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော နွေစပါးဧက (၁၀၀၀)စီမံကိန်းအတွင်း ပါဝင်သည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း  မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်
Jul 20,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။
ပင်လုံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အသိပညာ၊ အတတ်ပညာကို သင်ယူခြင်း၊ ခံယူခြင်း ခေါင်းစဉ်အောက်မှ သိရုံမျှအတတ်ပညာကို သင်ယူခြင်းခံယူခြင်း (Learning to know)၊ တတ်မြောက်စေ​ရန် အတတ်ပညာကိုသင်ယူခံယူခြင်း (Learning to do)၊ အတူတကွရှင်သန်နေထိုင်ရေးအတွက် သင်ယူခံယူခြင်း (Learning to live together) နှင့် မိမိဘဝကိုအပြည့်အဝ ဖန်တီးနိုင်အောင်သင်ယူခံယူခြင်း ( Learning to be) အချက်(၄)ချက်ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။
(၇၆) နှစ်မြောက် အာဇာနည်နေ့၌ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း အစရှိသည်များ ဆက်ကပ်လှူဒါန်း
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀နာရီက ပင့်သံဃာတော် အရှင်သူမြတ် တို့အား (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျဆုံးလေပြီသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများကို ရည်စူး၍ ဆွမ်းကပ်သာဓုအနု မောဒနာ ခေါ်ဆိုခဲ့ကြသည်။
ကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 20,2023
ညှိနှိုင်းအစည်းအဝေးကျင်းပကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျိုင်းတုံခန်းမတွင် ကျင်းပသည်။
ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အောင်ချမ်းသာရပ်ကွက်၌ ပြုလုပ်သည်။