ဘီးလင်း ဇူလိုင် ၂၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ရေဘေးရှောင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ ရေဘေးရှောင်စခန်းများသို့သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအား ဘီးလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက ရေဘေးရှောင်စခန်းများတွင် နေထိုင်လျက်ရှိသော ပြည်သူများအား အအေးမိ၊ဖျားနာရောဂါ၊ သွေးတိုး၊ ဆီချိုရောဂါများ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် လိုအပ်သောဆေးဝါးများ ထောက်ပံ့ခြင်း၊ ရေကောင်း၊ ရေသန့်ရရှိရေး ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွားရေးတို့အတွက် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)