သတင်းများ

ဟားခါးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူသရုပ်ပြဇာတ် တိုက်လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်
Jul 26,2025
ချင်းပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်ကျန်းမာရေး/ကုသဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ကျောက်တံတားမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဆက်သယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်း(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံတား)၊ စကားဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မအူပင်တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ အခြေခံ Aerobic နှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 26,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ အခြေခံ Aerobic နှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၁ နာရီက မအူပင်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အခမ်းအနား ကျင်းပ
Jul 26,2025
အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ အ.ထ.က(၆)ကျောင်း (အနန္တပညာခန်းမ)၌ “ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မြောင်းမြခရိုင် Community Centre တွင် Youth Club နှင့်စာဖတ်ဝိုင်းပြုလုပ်
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက YouthClub နဲ့စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကြက်ဥနှင့် ချီးမြှင့်ငွေများပေးအပ်
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကြက်ဥနှင့်ချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့် စုပေါင်းဆောင်ရွက်နိုင်ရေးသင်တန်းပို့ချ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ဆေးရုံ အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၄) ရက်နေ့ မွန်းလွဲ ၂ နာရီက ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါက်တာထွန်းမင်း၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ကူးစက်မှုလျော့ချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သာကေတမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်၌ ကျင်းပခဲ့သည်။