မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် ထီလာမောင်ဖလား(အမျိုးသား)အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ် ထီလာမောင်ဖလား (အမျိုးသား)အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင်  ဦးစွာတက်ရောက်လာကြသူများက နိုင်ငံတော်သီချင်းသီဆို၍ အလေးပြုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။ ထိုနောက်ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံနှုတ် ဆက်အားပေးသည်။ ဖွင့်ပွဲအခမ်းအနားတွင်  မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများက ပန်းပွားအက၊ Zumba အကများဖြင့် သရုပ်ပြကပြဖျော်ဖြေသည်။ ဆက်လက်၍ ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ကျော်ဇေယျာဟိန်းအသင်းနှင့် Fire Sport အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များကကြည့်ရှု့အားပေးသည်။ အဆိုပါထီလာ မောင်ဖလား(အမျိုးသား)အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၂၈ သင်းပါဝင်ယှဉ်ပြိုင်ပြီးပြိုင်ပွဲအား ဇူလိုင်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ