အမရပူရမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အမရပူရ ဇူလိုင် ၂၆

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ အမရပူရမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ “ငလျင်ဘေးအန္တရာယ်များသည် ဘယ်အချိန်၊ ဘယ်အခါမှာ ကျရောက်လာမည်ဆိုတာ မသိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှူများ ပြုနိုင်ရေးနှင့် ငလျင်အန္တရာယ်နှင့်စပ်လျဥ်းကာ ဆောင်ရန်ရှောင်ရန်အချက်များကို ကျောင်းသားလူငယ်များ သိရှိလိုက်နာစေရန်အတွက်” ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးက ပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲရာ တာဝန်ရှိသူများက ပြန်ဖြေကြားခဲ့ကြသည်။ ထို့နောက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ကြသည်။

စိုးသီဟ(အမရ)