ခမောက်ကြီး ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COMIRNATY JN.1(Pifizer)အား ထိုးနှံပေးခြင်းကို ဇူလိုင်လ ၂၄ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ခမောက်ကြီးမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်နှင့် တာဝန်ရှိသူများက ခမောက်ကြီးမြို့ အမှတ်(၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များကို လိုအပ်သောအချက်အလက်များ စာရင်းရေးသွင်းခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပေး၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (၁)လုံးလျှင် လူ (၆)ဦးနှုန်းဖြင့် စနစ်တကျထိုးနှံပေးခဲ့ပြီး ဆေးထိုးနှံပြီးသူများလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)