ပုလောမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား  UID နံပါတ်ထုတ်ပေးခြင်းများ ဆောင်ရွက်

ပုလော ဇူလိုင် ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပုလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များကို  Enrollment Application Form (ပုံစံ-၁) ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်ဗွေကို Screen ဖတ်ပြီး အချက်အလက်များအား Enrollment Device ဖြင့်  server ထဲထည့်၍ အချက်အလက်များကို QR Code ပါသည့် ဂဏန်း (၁၀)လုံးပါသော Unique ID နံပါတ်ပါစာရွက် ပြန်လည်ထုတ်ပေးသည်။

ပုလောမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၆၄၂)ကျော်ခန့်ရှိပြီး ယနေ့တွင် ပင်စင်လစာလာရောက် ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား  ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ကြီးကြပ်မှုဖြင့် လဝကမှူး ဒေါ်ခင်မျိုးတင့်ဦးဆောင်၍ ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်များကောက်ယူရာတွင်အသုံးပြုသည့် စက်ပစ္စည်းများဖြင့် ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)