သတင်းများ

တနိုင်းမြို့ အခြေခံပညာ မူလတန်းလွန်-မုန်ဒိန်ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jul 20,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ အခြေခံပညာမူလတန်းလွန်-မုန်ဒိန်ကျောင်း၌ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့တွင် ဒေသထွက်မက်မန်းသီးများ ဈေးကောင်း၍ မိသားစုအပိုဝင်ငွေရ
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ရွှေဖီမြေဟု တင်စားခေါ်ဝေါ်ရသော လက်ဖက်ပေါသည့်မြေ၊ တာမိုးညဲမြို့တွင် ဒေသထွက်အသီးအနှံများဖြစ်သော လက်ဖက်၊  တောင်ပေါ်မျှစ်၊ တညင်းသီး၊ လိုက်ချီးသီး၊ ပိန္နဲသီးနှင့် မက်မန်းသီးများ၊ ရာသီအလိုက်အသီးများနှင့်ဟင်းသီး ဟင်းရွက်များ လှိုင်လှိုင်ပေါများ လျက်ရှိရာဇွန်လနှင့်
နမ့်စန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့် ညောင်ပင်တစ်ပင် အမြစ်လန်လဲကျမှုဖြစ်ပွား
Jul 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဇူလိုင်(၁၈)ရက်နေ့ ညနေ ၆ နာရီခွဲချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့မစည်ပင်သာယာဈေး အနီး အမှတ်(၅)ရပ်ကွက်နေ ဦးကျော်မြင့် နေအိမ်အတွင်းရှိ အမြင့်ပေ ၉၀ ကျော်ခန့်၊ လုံးပတ် ပေ ၃၀ ခန့်ရှိ သက်တမ်းရင့် ညောင်ပင်တစ်ပင် အမြစ်လန်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ လောကထိပ်ပန်ဂူဘုရားအတွင်းရှိ ခေတ်ဟောင်းမွန်ဘာသာ၊ခေတ်ဟောင်းမြန်မာဘာသာဖြင့်ရေးဆွဲဖော်ပြထားသည့် နံရံဆေးရေးပန်းချီ၊ ဗုဒ္ဓဝင်ရှစ်ခန်း၊ ဇာတ်ကြီးဆယ်ဘွဲ့တို့ကို ဖတ်ရှုလေ့လာနိုင်
Jul 20,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ လောကထိပ်ပန်ဂူဘုရားအတွင်းရှိ ခေတ်ဟောင်းမွန်ဘာသာ၊ ခေတ် ဟောင်းမြန် မာဘာသာဖြင့် ရေးဆွဲဖော်ပြထားသည့် နံရံဆေးရေးပန်းချီ ၊ဗုဒ္ဓဝင်ရှစ်ခန်း၊ဇာတ်ကြီးဆယ်ဘွဲ့တို့ကို ဖတ်ရှုလေ့လာနိုင်ကြောင်းသိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Jul 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၅၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ကြက်ခြေနီမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စုထံ ထောက်ပံ့ပစ္စည်းများအား ဇူလိုင်လ ၁၃ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကြံခင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၈၁၇)ဦးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jul 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် လူကုန်ကူးမှုအန္တရာယ်၊ လူမှောင်ခိုအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို ကျိုင်းတုံမြို့ရှိ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပညာရေး ဒီဂရီ ကော လိပ်ကျောင်းခန်းမ၌ ဇူလိုင်လ ၁၈ရက် မွန်းလွဲပိုင်း၌ကျင်းပခဲ့‌ကြောင်း သိရသည်။