သတင်းများ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာနများ၏ ပြင်ဆင်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ဖွင့်လှစ်ပေးသွားမည့် စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ကြစေရန်အတွက်၊ ပြင်ဆင်ထားရှိမှု အခြေအနေများကို၊ မတ်လ(၈)ရက်နေ့ နံနက်(၉:၃၀)နာရီက ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြို့နယ်အဆင့် တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ်တွင် လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ထုတ်ပေး
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်း ခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဥယျာဉ်ကျေးရွာရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ အာမခံအလုပ်သမား ဦးဖိုးတလုပ်၏ နေအိမ်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား၊ကျောင်းသူ(၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူငယ်နှင့်ကျန်းမာရေး အသိပညာပေး Talk Show ပြုလုပ်
Mar 09,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အနာဂတ်တွင်ဦးဆောင်ကြမည့် လူငယ် များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်နှင့် ကျန်းမာရေးအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်
Mar 09,2024
"အရှိန်အဟုန်ဖြင့် တိုးတက်ရေးအမျိုးသမီးများတွင်မြှပ်နှံပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုးညိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု
Mar 09,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က (မိုးညို) ကျောင်းသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်နှင့် ဆရာ/ဆရာမများက ကြိုဆိုခဲ့ကြပြီး ကျောင်းဝန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ပေ (၁၀၀ × ၃၀)၊ RC (၂) ထပ် ကျောင်းဆောင်သစ်၊ ခွင့်ပြုရံပုံငွေ (၂၉၂.၉၇၁) ကျပ်သန်းဖြင့် ဆောက်လုပ်နေမှုအား သွား‌ရာက်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံတရုတ်ဘာသာစကား (အခမဲ့) ဖွင့်လှစ်
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ (၇) ရက်နေ့ မွန်းလွဲ (၃) နာရီက အခြေခံတရုတ်ဘာသာစကားသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီ အားကစားသင်တန်းများကို မတ်လ (၁) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။