ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ဆီဆိုင် ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အောင်ချမ်းသာရပ်ကွက်၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSMEs)လုပ်ငန်းများ၏ မှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့်ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် (MSMEs)လုပ်ငန်းရှင်များမှ သိရှိလိုသည်များကိုမေးမြန်းကြရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများသည် ဆီဆိုင်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လုပ်ငန်းရှင်များ၏ အခက်အခဲများ၊ လိုအပ်ချက်များကို နိုင်ငံတော်မှပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများရရှိလာစေရန် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)