ရွှေပြည်သာ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို ဌာန (၂) ခု၌ ကျင်းပလျက်ရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/ သူစာရင်းရှိ (၄၅၃) ဖြေဆိုသူဦးရေ (၄၁၂) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက် (၄၁) ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၁%) အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ (၃၇၂) ဦး ဖြေဆို (၃၆၂) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက် (၁၀) ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၇%) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေပြည်သာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၃.၈%) ရာခိုင်နှုန်းရှိပြီး ကျောင်းသား/ သူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း