ပင်လောင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပင်လောင်း မတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၄ ခုနှစ် ယနေ့နံနက် ၉ နာရီအချိန်က  မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန (၇)ခုထားရှိရာ၊ အဆိုပါစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်လျှောက်ထားသူ ကျောင်းသား (၃၄၂)ဦး၊ ကျောင်းသူ (၆၇၅) ဦး စုစုပေါင်း (၁၀၁၇)ဦးစာရင်းရှိပြီး၊ မြန်မာစာဘာသာရပ်အား စာစစ်ဌာနအသီးသီး၌ ဖြေဆိုသူ ကျောင်းသား (၃၃၀)ဦး၊ ကျောင်းသူ (၆၆၆)ဦး၊ စုစုပေါင်း ဖြေဆိုသူ(၉၉၆)ဦး၊ ပျက်ကွက် (၁၂)ဦးရှိပြီး ဖြေဆိုမှု (၉၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)