ကေ့ာကရိတ် မတ် ၁၁
၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ နိုင်ငံတစ်ဝန်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နဘူးအ.ထ.ကစာစစ်ဌာန၌မြန်မာစာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ နဘူးအ.ထ.က စာစစ်ဌာန၌ ကေ့ာကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုရန်စာရင်းပေးထားသည့် ကျောင်းသား၊ ကျောင်းသူ (၃၅၃)ဦးရှိပြီး ယနေ့မြန်မာစာဘာသာရပ်အား ကျောင်းသား/ကျောင်းသူ (၂၆၇)ဦး ဖြေဆိုလျက်ရှိရာ ရာခိုင်နှုန်းအားဖြင့် (၇၅.၆၄) ရာခိုင်နှုန်းရှိပါကြောင်းနှင့် ကျောင်းသူကျောင်းသားများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာခြည်ဝင်း(ခရိုင်ပြန်/ဆက်)