ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာနငါးခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၁၀၉၁ ဦး၊ ၉၇ ဒသမ ၀၆ ရာခိုင်နှုန်းဖြေဆို

ပုဗ္ဗသီရိ မတ် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်တွင် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂၀) အ​​ခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၊ အောင်သုခကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စသည့်စာစစ်ဌာနငါးခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၀၅၂ဦး၊ ပြင်ပဖြေဆိုသူ ၃၉ ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၉၁ ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၉၇ဒသမ၀၆ ရာခိုင်နှုန်း ဖြစ်ကြောင်းသိရသည်။

ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်လည်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စာစစ်ဌာနများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)