နောင်တရား မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ ဖွင့်လှစ်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်သား၊ ကျောင်းသူပေါင်း (၂၅၆)ဦးက မြန်မာစာဘာသာရပ်ကို ပထမနေ့အဖြစ် ယနေ့ နံနက်ပိုင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား၊ ကျောင်းသူ (၂၆၀)ဦးရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၂၅၆)ဦး ရှိကြောင်း သိရသည်။ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာရပ်အသီးသီးအတွက် မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အနှောက်အယှက်ကင်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့ပေါ်ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲများက အပြင်စည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)