ဂန့်ဂေါမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို

ဂန့်ဂေါ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉) နာရီမှစတင်ကာ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိပြီး ကျောင်းသား/ သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၌ အ.ထ.က (ဂန့်ဂေါ) စာစစ်ဌာနတွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/သူ (၄၀) ဦးနှင့် ပျက်ကွက် (၁) ဦး၊ အ.ထ.က (ဟံသာဝတီ) စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား/သူ (၇၆) ဦးနှင့် ပျက်ကွက် (၁၀) ဦးတို့အတွက် စာစစ်ဌာန (၂) ခုဖြင့် အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း ဂန့်ဂေါမြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းထံမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စိတ်ချလက်ချအေးချမ်းစွာဖြေဆိုနိုင်ရန် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးကျော်ဆွေဦး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်း၊ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများမှ တာဝန်ကျဆရာ/မများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲလုံခြုံရေးအတွက် သက်ဆိုင်ရာနယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်